Quest To Million
Quest To Million
  • ဉာဏ်စမ်းမေးခွန်းတွေ ဖြေရတာစိတ်ဝင်စားသူများအတွက် Quest to Million ဝန်ဆောင်မှု နဲ့ မိတ်ဆက်ပေးပါရစေ။ မေးခွန်းများကို ဖြေဆိုရင်းနဲ့ ကိုယ်ကအမြင့်ဆုံးအဆင့်ရောက်သွားရင် MRTV Entertainment Quest to Millionအစီအစဉ်ရဲ့ TV Show မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာပါ။ iPhone XS Max နဲ့ တခြား စိတ်လှုပ်ရှားဖွယ်ရာ ဆုကြေးငွေတွေ ရနိုင်မယ့်အခွင့်အရေးလဲရှိတယ်နော်။ TV Show ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသွားသူတွေကတော့ ငွေကျပ် တစ်သန်းချန်ပီယံဖြစ်ဖို့အခွင့်အရေးရရှိမှာပါ။
    MPTမှ ဝန်ဆောင်မှုအတွက် စည်းမျဉ်းစည်းကမ်းချက်များ

  • Quest To Million
    တစ်ရက်/ ၉၉ ကျပ်
  • “Quest to Million” service  မေးလေ့ မေးထရှိသည့် မေးခွန်းများ
     
    1. “Quest to Million” service ဆိုတာဘာလဲ?
    - Quest to Million Service ဆိုတာ MPTအသုံးပြုသူတွေသာ ခံစားခွင့်ရှိသော လူတွေရဲ့ ဗဟုသုတ နဲ့အကြောင်းအရာ တွေကို မြှင့်တင်ပေးသောအစီအစဉ်ဖြစ်ပါသည်။
    - ဝန်ဆောင်မှုသုံးစွဲသူများမှ မေးခွန်းများဖြေဆိုရမည်ဖြစ်ပြီး လစဉ်အမှတ်အများဆုံးအယောက် ၁၀၀အား ရွေးချယ်သွားမည်ဖြစ်သည်။ ထိုအယောက် ၁၀၀ သည် MRTV entertainmentအစီအစဉ်တွင် ကျင်းပသော Quest to Million ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ပါသည်။ (အမှတ်ပေး စည်းမျဉ်း စည်းကမ်းများအား မေးခွန်း နံပါတ် 7 တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
    2. “Quest to Million” service ကိုအသုံးပြုလိုပါက ဘယ်လိုရယူရပါမလဲ။ 
    - ဝန်ဆောင်မှုအားအသုံးပြုလိုပါက 8576 သို့ ON ဟုပေးပို့ပြီး ရယူနိုင်ပါသည်။ (သို့မဟုတ်) http://questtomio.com/  မှ တစ်ဆင့် ဝင်ရောက် ၍ register ပြုလုပ် ပြီးအသုံးပြုနိုင်ပါသည်။ 
    3. “Quest to Million” service ရဲ့ ဝန်ဆောင်မှုအသုံးပြုခမှာ ဘယ်လောက်ပါလဲ။
    - Quest to Million ကိုအသိပညာဗဟုသုတ တိုးပွားစေရန် နေ့စဉ်ဝင်ရောက်ကြည့်ရှုနိုင်ပြီးအသုံးပြုသူအနေနဲ့ တစ်ရက်ကို ၉၉ ကျပ် (အခွန် ၅% ပါဝင်ပြီး) ကျသင့်မှာဖြစ်ပါတယ်။ Quest ၁ ခုကို မေးခွန်း ၅ ခုဖြင့်အသင်းဝင်များမှ ရရှိဖြေဆိုနိုင်ပါသည်။
    - တစ်ရက်လျှင် မေးခွန်း ၅ ခုဖြေဆိုရမည်ဖြစ်ပြီးအသုံးပြုသူအနေနဲ့ ထပ်မံ၍ မေးခွန်းများကို ထပ်မံဖြေဆို လို လျှင် တစ်ကြိမ်ကို ၉၉ ကျပ်ဖြင့် ထပ်မံဖြေဆိုနိုင်ပါတယ်။
    4. “Quest to Million” service ကို ဘယ်လိုဆော့ရမလဲ?
    a.အဖွဲ့ဝင်ကြေးထည့်သွင်းအောင်မြင်ပြီးနောက် Quest တစ်ခုကို မေးခွန်း (5) ခုနှင့် ရရှိပါမည်။ ပထမဦးဆုံး မှတ်ပုံတင်ပြီးနောက် SMS မှတစ်ဆင့် password နှင့် portal URL လင့်လ်ကို ရရှိပါမည်။
    b. ကစားသူသည် Portal ထဲသို့ဝင်ရောက်နိုင်ပြီးအမှတ်များနှင့်အဆင့်များတိုးပွားရန် Quest များကိုဖြေဆိုပြီး ယခင်လမှအဆင့်ရလဒ်များကိုလည်း စစ်ဆေးကြည့်ရှု့နိုင်ပါသည်။ 
    c. ကစားသူသည် မိမိတို့၏ ID နှင့် Nick Name များကို User Info စာမျက်နှာရှိ Menu ထဲတွင်ပြောင်းလဲနိုင်ပါသည်။
    d. ကစားသူသည်အပို Quest တစ်ခုကို မေးခွန်း (5)ခုနှင့်အတူတူ တစ်ကြိမ်လျှင် 99MMK (အခွန်ဆောင်ပြီး)ဖြင့် ဝယ်ယူနိုင်ပါသည်။ ကစားသူသည် တစ်နေ့လျှင်အများဆုံး 229 ကြိမ်သာအပိုဝယ်ယူနိုင်ပါသည်။
    e. ရမှတ်များကို ရက်(၃၀)အတွင်း Question Page တွင် စုဆောင်းနိုင်ပါသည်။ ကစားသူသည် မေးခွန်းများကို ဖြေဆိုရန်အချိန်အတွင်း မည်သည့်နေ့မဆိုဝင်ရောက်ဖြေဆို နိုင်ပြီး နေ့တိုင်း မိမိအကောင့်ကို ဝင်ရောက်မလိုအပ်ပါ။
    5. လစဉ် မည်သည့်အချိန်တွင်အမှတ်အများဆုံးအယောက် ၁၀၀အားမည်သို့ရွေးချယ်မည်နည်း။ 
    - လတစ်လ၏ နောက်ဆုံးနေ့ 23:59:59အချိန်တွင်အမှတ်အများဆုံးအယောက် ၁၀၀အား ရွေးချယ်သွားမည်ဖြစ်ပါသည်။ 
    - နောက်တစ်လ ၏ ၁ ရက်နေ့မှ စပြီး အမှတ်များကို စတင်ပြန်လည်ရေတွက်သွားမည် ဖြစ်ပါသည်။ (အရှေ့ လ ကအမှတ်များကို ဖြတ်သွားမည် ဖြစ်ပါသည်။)
    6.အကယ်၍ ဝန်ဆောင်မှုအသုံးပြုသူဟာ တစ်လအတွင်း ဝန်ဆောင်မှုအားအသုံးပြုပြီးနောက်ရက်များအကြာတွင် ဝန်ဆောင်မှုအား ပယ်ဖျက်မည်။ ထို့နောက် ရက်အနည်းငယ်အကြာတွင် ဝန်ဆောင်မှုအား ပြန်လည်ရယူပါကအမှတ်များ ပေါင်းသွားပါမည်လား။
    - လ တစ်လအတွင်း ဖြစ်ပါကအမှတ်များအားပြန်လည်ပေါင်းပေးသွားပါမည်။ 
    7. ရမှတ်များကို မည်သို့သက်မှတ်မည်နည်း?
    နေ့စဉ်အဖွဲ့ဝင်ကြေးထည့်သွင်းအောင်မြင်ပြီးနောက် မေးခွန်း ၅ခု နဲ့ Content တစ်ခုရရှိပါမည်။အသုံးပြုသူသည်အမှတ် (၁၀)မှတ်ကိုအလိုအလျောက်ရရှိပါမည်။ ကစားသူသည် မေးခွန်းများကို ဖြေဆိုချိန်မှစ၍အမှတ်(10)ရရှိပါမည်။ ရမှတ်များကိုအောက်ပါစည်းမျဉ်းအတိုင်းတွက်ချက်နိုင်ပါသည်။
    မေးခွန်းဖြေဆိုခြင်း ရမှတ်များ မှတ်ချက်
    မေးခွန်း 1 ခုမှန်ကန်လျှင် 1*2=2 2မှတ်/အဖြေမှန်
    မေးခွန်း 2 ခုမှန်ကန်လျှင် 2*2=4 2မှတ်/အဖြေမှန်
    မေးခွန်း 3 ခုမှန်ကန်လျှင် 3*2=6 2မှတ်/အဖြေမှန်
    မေးခွန်း 4 ခုမှန်ကန်လျှင် 4*3=12 3မှတ်/အဖြေမှန် (အပိုဆု)
    မေးခွန်း 5 ခုမှန်ကန်လျှင် 5*4=20        4မှတ်/အဖြေမှန် (အပိုဆု)
    8.အဆင့်ကိုမည်သို့သတ်မှတ်သနည်း?
    ရောက်ရှိသောအဆင့်၏ စည်းမျဉ်းစည်းကမ်းများမှာအောက်ပါအတိုင်းဖြစ်သည်-
    a) ပထမစနစ်သည် ရမှတ်အမြင့်ဆုံးမှအနိမ့်ဆုံးသို့ သွားတော့အမျိုးအစားဖြစ်ပြီးအမှတ်များသူသည်အဆင့်အမြင့်ဆုံးကိုရောက်ရှိမည်ဖြစ်သည်။
    b) ကစားသူများသည်အမှတ်ရရှိမှုတူညီနေပါကအချိန်သတ်မှတ်သည့်အမျိုးအစားဖြင့်အစောဆုံးဖြေဆိုနိုင်သူသည်အဆင့်မြင့်ဆုံးကိုရောက်ရှိမည်ဖြစ်သည်။
    9.အနိုင်ရရှိသူ ပထမ ၁၀၀ဦးသည် MRTV Entertainment ရှိ TV program ကို မည်သို့ ဆက်သွယ်ရမည်နည်း?
    အချိန်များကို ဖြတ်ပြီးပါက ကျွန်ုပ်တို့၏လှုပ်ရှားမှုများကိုအောက်ပါအတိုင်း ဖြစ်သည်။      
    a) ပထမဦးဆုံးအနိုင်ရရှိသူ (100)ကို ကျွန်ုပ်တို့၏ Facebook မှတဆင့် စာရင်းထုတ်ပြန်ပြီးအနိုင်ရရှိသူမှ ကျွန်ုပ်တို့၏ တာဝန်ခံသို့ မက်ဆေ့လ်ပေးပို့နိုင်ပါသည်။
    b) ဝန်ဆောင်မှုအားထောက်ပံ့ပေးသူသည်လည်း Call Center မှ တစ်ဆင့် ပထမအနိုင်ရရှိသူ (100)အား ဖုန်းခေါ်ဆိုပြီးအစီအစဉ်အား ဝင်ရောက်ပါဝင်မည် ဟုတ် မဟုတ်ကို တစ်ဦးချင်းစီအား ဆက်သွယ်မေးမြန်းပါမည်။
    c) လူဦးရေအတိအကျ စာရင်းရပြီးနောက် ကျွန်ုပ်တို့မှ MRTV Entertainment သို့ စာရင်း များကို ပေးအပ်ပြီး ၎င်းတို့မှနောက်ဆက်လက်မည့်အဆင့်များကို ယခင်ပြုလုပ်နေကြအတိုင်းစီစဉ်သွားပါမည်။
    10. ဆုများကို မည်သို့ရရှိမည်နည်း?
    - Mobifun မှ ကံထူးရှင်များကို  Iphone Xs Max , OPPO F7,အားသွင်းဘထ္ကရီ,  ငွေဖြည့်ကဒ်များနှင့်အစရှိသည်တို့ကို ချီးမြှင့်မည်ဖြစ်ပါသည်။
    - ကစားသူများသည် Quest To Million ဝန်ဆောင်မှုကို ပရိုမိုးရှင်းကာလအတွင်း ဝန်ဆောင်မှုရယူနိုင်ရမည်။ 
    - လစဉ် ဆုကြေးများမှာအောက်ပါအတိုင်းဖြစ်သည်။ 
    Item Detail Prize
    Top 1 OPPO F7 Youth
    Top 2အားသွင်းဘထ္ကရီ
    Top 3အားသွင်းဘထ္ကရီ
    Top 4 ငွေဖြည့်ကတ်ဒ် (၁၀,၀၀၀)ကျပ်
    Top 5 ငွေဖြည့်ကတ်ဒ် (၁၀,၀၀၀)ကျပ်
    Top 6 ငွေဖြည့်ကတ်ဒ် (၁၀,၀၀၀)ကျပ်
    Top 7 ငွေဖြည့်ကတ်ဒ် (၅,၀၀၀)ကျပ်
    Top 8 ငွေဖြည့်ကတ်ဒ် (၅,၀၀၀)ကျပ်
    Top 9 ငွေဖြည့်ကတ်ဒ် (၃,၀၀၀)ကျပ်
    Top 10 ငွေဖြည့်ကတ်ဒ် (၃,၀၀၀)ကျပ်
    - ကစားသူ၏ ရမှတ်အဆင့်သည် လစဉ် Top 10 စာရင်းတွင် ၆လအတွင်း ၅ကြိမ်ပါဝင်ပါက iPhone XS Max ကို ကံထူးနိုင်ရန်အခွင့်အရေးရရှိပါမည်။
    11. ဝန်ဆောင်မှုအား ရပ်တန့်လိုပါက မည်သို့ပြုလုပ်ရမလဲ။ 
    - ဝန်ဆောင်မှုအား ရပ်တန့်လိုလျှင် OFF ဟုနှိပ်၍ 8576 သို့ပေးပို့ပါ၊ (သို့မဟုတ်) http://questtomio.com ကိုဝင်၍ Menu ကိုရှာ၍ unregister လုပ်နိုင်ပါသည်။
    12.အသေးစိတ်သိရှိလိုပါက မည်သို့ဆက်သွယ်မေးမြန်းနိုင်သနည်း?
    - ကျွန်ုပ်တို့၏ Website မှ သင်မေးလိုသောမေးခွန်းများကို ရှာဖွေမတွေ့နိုင်လျှင် ကျွန်ုပ်တို့၏ Call center သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
    - ခေါ်ဆိုရန်ဖုန်နံပါတ်များ- ၀၉၄၀၄၀၆၈၈၈၁/ ၀၉၄၀၄၀၆၈၈၈၂/ ၁၀၆
    FAQs of “Quest to Million” Service
    1. What’s Quest to Million Service?
    - Quest to Million Service is a platform to improve people’s knowledge, and exclusive for MPT Subscribers only. 
    - MPT subscribers have to answer the question and 100 subscribers who achieve the maximum scores monthly will be selected. Those 100 subscribers will get a chance to compete in Quest to Million contest by MRTV Entertainment program.
    (The game rules can be checked in question number 7)
    2. How to access Quest to Million service?
    - Subscribers who want to subscribe Quest to Million service can send ON to 8576 (or) accessed through URL: http://questtomio.com  address via mobile devices.
    3. How much is the charge for subscription Quest to Million Service?
    - Users will be charged 99Ks/daily (including 5% tax). Subscribers can answer 5 questions per quest. Quest to Million is a daily subscription service that allows users the flexibility to play Quest and get related knowledge.
    - Subscribers have to answer 5 questions in a day. Subscribers can get more quest with 99Ks/time.
    4. How to play Quest to Million Mobile Service?
    a) After subscription and success charging will get 1 quest with 5 questions. And password and portal URL will be delivered by SMS after first register.
    b) Customers can login the Portal, answering Quest to get scores and increase Rank, and also can check previous month rank.
    c) Customers can change their ID with Nick Name in the User Info Page Under Menu.
    d) Customers can buy extra question with additional 5 questions via on-time purchase for 99 MMK including commercial tax. Customers can only do the on-time purchase Max 299 times per day. 
    e) Quest can be accumulated within 30 days, customers can answer the questions in any day during the valid period, no need to login and submit every day.
    5. When is the Cut off time for each month?
    - Every last day of the month 23:59:59, all the new operations after that time will be counted into next Month.
    - The score will be counted from the first day of next month. ( The scores from previous month will be deducted )
    6. Will the scores be added if subscribers unsubscribe the service within a month after using a few days and subscribe again in a few days?
    - The scores will be added for subscription within a month.
    7. How to calculate the scores?
    - For the Daily subscription or on-time purchase, after charging successful, system will generate one Content and Quest (5 questions), and user will automatically get 10 points as default. When user answer the questions will get more score, how to calculate scores are as follow.
    Correct Question Number Points Remark
    Correct 0 question 0 pints
    Correct 1 question 1*2 = 2 2 points/correct question
    Correct 2 questions 2*2 = 4 2 points/correct question
    Correct 3 questions 3*2 = 6 2 points/correct question
    Correct 4 questions 4*3 = 12 3 points/correct question (Bonus)
    Correct 5 questions 5*4 = 20 4points/correct question (Bonus)
    8. How to do the Ranking:
    - For the Ranking Rules are as follow:
    a) First system will Sort by highest to lowest score, the higher scores get higher Ranking; 
    b) If the players have the same score, who will Sort by the time the score was reached, the earlier the higher.
    9. How the top 100 winners can join to TV program of MRTV Entertainment? 
    - After Cut time, we will do some activities as follow:
    a) We will list the top 100 winners in the Facebook, and they can send message to our PIC;
    b) Service Provider call center will call the top 100 users to check with them one by one to join the program studio or not;
    c) After confirmed we will provide all the list to MRTV entertainment, they will continue to do the next step like what they do before. 
    10. How do I get reward?
    - Mobifun will provide iPhone XS Max, OPPO F7, Power Bank, Top-up, etc. 
    - Players must subscribe to the Quest to Million Service during the Promotion Period.
    - For monthly the detail prizes as follow:
    Item Detail Prize
    Top 1 OPPO F7 Youth
    Top 2 Power Bank
    Top 3 Power Bank
    Top 4 Mobile Top Up (10,000MMK)
    Top 5 Mobile Top Up (10,000MMK)
    Top 6 Mobile Top Up (10,000MMK)
    Top 7 Mobile Top Up (5,000MMK)
    Top 8 Mobile Top Up (5,000MMK)
    Top 9 Mobile Top Up (3,000MMK)
    Top 10 Mobile Top Up (3,000MMK)
    - On 6 months if the player’s ranking should be in the monthly TOP10 list 5 times (within 6 months), will have the chance to join the lucky draw for iPhone XS Max.
    11. How to unsubscribe “Quest to Million” service?
    - To unsubscribe, type OFF and send to 8576 (or) visit to http://questtomio.com and find Menu and unregister.
    12. How do I contact User Support?
    - If you can’t find the answer to your question on our help site, you can always get in touch with call center. We will support you well.
    Call –09404068881/ 09404068882/106

     

    MPTမှ ဝန်ဆောင်မှုအတွက် စည်းမျဉ်းစည်းကမ်းချက်များ


    ဝန်ဆောင်မှု၏ စည်းမျဉ်းစည်းကမ်းချက်များ


    MPT ၏ စည်းကမ်းသတ်မှတ်ချက်များ - Quest To Million

    ဤစာမျက်နှာသည် Quest To Million (Promotion²)တွင်ပါဝင်ကံစမ်းသည့်အခါ သင့်အနေဖြင့်လိုက်နာ ရမည့်စည်းကမ်းချက်များအား ရှင်းလင်းဖော်ပြထားပါသည်။ Promotionအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (“MPT”၊ “ကျွန်ုပ်တို့”၊ “ကျွန်ုပ်တို့ကို”၊ “ကျွန်ုပ်တို့၏”)က ဆောင်ရွက်ပေးသော ဝန်ဆောင်မှုများမှတဆင့် ရယူ နိုင်ပါသည်။ Promotion ကို MobiFun Co., Ltd က စီစဉ်ဆောင်ရွက်ပါသည်။  Promotion တွင်ပါဝင်ကံစမ်းခြင်းဖြင့် သင်သည် ဤစည်းကမ်းသတ်မှတ်ချက်များနှင့်၎င်းတို့နှင့်ဆက်စပ်သည့်အခြားသော သက်ဆိုင်ရာစည်းမျဉ်းများ၊ မူဝါဒများနှင့် စည်းကမ်းချက်များ (စုပေါင်း၍ “စည်းကမ်းချက်များ” ဟု ခေါ်ဆိုရန်) ကိုဖတ်ရှုပြီး နားလည်ကြောင်းနှင့် ၎င်းတို့၏ စည်းနှောင်မှုကိုခံယူရန် သဘောတူကြောင်း သဘောဆောင်ပါ သည်။

    စည်းကမ်းချက်များသည်အချိန်အခါမရွေး ပြောင်းလဲမှုရှိနိုင်ပါသည်။ ထိုကဲ့သို့သော ပြောင်းလဲမှုတစ်ခုခု ပြုလုပ်ပြီးနောက် Promotion တွင် သင်၏ဆက်လက်ပါဝင်ကံစမ်းမှုသည် ပြောင်းလဲပြီးဖြစ်သော စည်းကမ်း ချက်များကို သင်က လက်ခံခြင်း ဖြစ်ပါသည်။

    ၁။     Promotion

    ၁.၁    အထက်တွင်ဖော်ပြထားသည့်အတိုင်း Promotion ကို MobiFun Co., Ltd ကအပြည့်အဝ စီစဉ်ဆောင်ရွက်ပါသည်။ Promotion တွင် MPT ၏ ပါဝင်ပတ်သက်မှုအတိုင်းအတာသည်အောက်တွင်ထပ်မံရှင်းလင်းဖော်ပြမည့် ကျသင့်ငွေကောက်ခံခြင်း (Bill) နှင့် စာရင်းပေး သုံးစွဲခြင်း (Subscription) ဆိုင်ရာလုပ်ငန်းများဖြင့် ကန့်သတ်ထားပါသည်။

    ၁.၂     စည်းကမ်းချက်များတွင် သင်အားအတိအလင်းအပ်နှင်းထားခြင်းမရှိသည့်အခွင့်အရေးအားလုံးကို ကျွန်ုပ်တို့က သို့မဟုတ် ကျွန်ုပ်တို့၏အသုံးပြုခွင့်ပေးသူများ၊ ထောက်ပံ့သူများ၊ ထုတ်ဝေသူများ၊အခွင့်အရေးကိုင်ဆောင်သူများနှင့်အခြားသောအကြောင်းအရာပံ့ပိုးသူများက သီးသန့် ရယူထိန်း သိမ်းထားပါသည်။ သင်အနေဖြင့် စည်းကမ်းချက်များနှင့် ဥပဒေတွင် ခွင့်ပြုသည့်အတိုင်းသာ Promotion တွင် ပါဝင်ကံစမ်းနိုင်ပြီးအခြားသောအသုံးပြုခံစားမှုအားလုံးကို တင်းကျပ်စွာ တားမြစ် ထားပါသည်။

    ၁.၃     MPT သည် MPT ၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့်အကြောင်းပြချက်တစ်ခုခု သို့မဟုတ်အကြောင်း ပြချက်မရှိဘဲ သင်၏ Promotion သို့ ဝင်ရောက်မှု သို့မဟုတ် ပါဝင်ကံစမ်းမှုကိုအကြောင်းကြားမှုနှင့် တာဝန်မရှိဘဲအမြဲတမ်းသော်လည်းကောင်း၊ ယာယီသော်လည်းကောင်း ရပ်စဲခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ်အခြားနည်းဖြင့်ခွင့်ပြုရန်ငြင်းပယ်ခြင်းများ ပြုလုပ်နိုင်ပါသည်။ ထိုသို့ပြုလုပ်သည့်အခါတွင် စည်းကမ်းချက်များသည် ဤတွင်ဖော်ပြထားသော ဆက်လက်တည်ရှိနေမည့်စည်းကမ်းချက်များကို ဖြည့်ဆည်းရန် လိုအပ်သောအတိုင်းအတာအထိ သင်အပေါ် ဆက်လက်စည်းနှောင်မှုရှိရမည်။

    ၁.၄     Promotion တွင် သင်၏ ပါဝင်ကံစမ်းမှုသည် ကြိုတင်စီစဉ်ထားသောနှင့် ကြိုတင်စီစဉ်ထားခြင်းမရှိ သော ဝန်ဆောင်မှုအဆက်ပြတ်ခြင်းများပေါ် မူတည်နိုင်သည်။ Promotion ၏အဆက်ပြတ်ခြင်း၊ (စီစဉ်ထားသည်ဖြစ်စေ၊ စီစဉ်မထားဘဲဖြစ်စေ) ချို့ယွင်းမှုဖြစ်ပေါ်ခြင်း သို့မဟုတ် မဝင်ရောက်နိုင် ခြင်းတစ်ခုခုအတွက် MPT သည် သင့်အပေါ် သို့မဟုတ် မည်သည့်တတိယပုဂ္ဂိုလ်များအပေါ်မဆို တာဝန်ရှိမည် မဟုတ်သည်ကို သင့်အနေဖြင့် သဘောတူပါသည်။

    ၁.၅     သင်၏ Promotionအသုံးပြုမှု သို့မဟုတ်အလွဲသုံးစားပြုမှု၊ သင်၏အခြားအသုံးပြုသူများနှင့် မည် သည့်အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုများအတွက်မဆို သို့မဟုတ် Promotion နှင့်စပ်လျဉ်း၍ သင်၏အခြားဆောင်ရွက်မှု သို့မဟုတ် လိုက်နာရန်ပျက်ကွက်မှုတစ်ခုခုအတွက် MPT တွင် တာဝန် မရှိစေရ။

    ၂။     ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှုအခွင့်အရေးများ

    MobiFun Co.,Ltd  သို့မဟုတ်အခြားတတိယပုဂ္ဂိုလ်တစ်ဦးဦးမှအခြားနည်းဖြင့် တရားသဖြင့်ဆောင်ရွက်ခြင်းမှ လွဲ၍ သက်ဆိုင်မှုရှိသည့်အတိုင်း ဤ Promotion နှင့်စပ်လျဉ်းသော ဆော့ဖ်ဝဲ၊ ရုပ်ပုံများ၊ စာသား၊ ဂရပ်ဖစ်များ၊ သရုပ်ဖော်မှုများ၊ လိုဂိုများ၊ တီထွင်မှုမူပိုင်ခွင့်များ၊ ကုန်အမှတ်တံဆိပ်များ၊ ဝန်ဆောင်မှုအမှတ်တံဆိပ်များ၊ မူပိုင်ခွင့်များ၊ ဓာတ်ပုံများ၊အသံ၊ ဗီဒီယိုများ၊ ဂီတနှင့်အကြောင်းအရာအပါအဝင် ၎င်းတို့ချည်းသာ မဟုတ်သော (စုပေါင်း၍ “အကြောင်းအရာ”) MPT ၏ ပိုင်ဆိုင်မှုအချက်အလက် wစ်ခုခုနှင့် ၎င်းတို့နှင့် သက်ဆိုင်သော ဉာဏပစ္စည်းအခွင့်အရေးများအားလုံးမှာ MPT နှင့် ၎င်း၏အသုံးပြုခွင့်ပေးသူများ၊ ထောက်ပံ့သူများ၊ ထုတ်ဝေသူများ၊အခွင့်အရေးကိုင်ဆောင်သူများနှင့်အခြားသောအကြောင်းအရာပံ့ပိုးသူများ၏ သီးသန့်ပစ္စည်းဖြစ်သည်။ ဤတွင်အတိအလင်း ဖော်ပြ ထားသည်မှလွဲ၍ Promotion ၏ မည်သည့်အရာကမျှ ဉာဏပစ္စည်းဆိုင်ရာအခွင့်အရေးများတစ်ခုခု တွင်ရှိသော သို့မဟုတ် ထိုအောက်တွင်ရှိသောအသုံးပြုခွင့်တစ်ခု သို့မဟုတ်အခွင့်အရေးတစ်ခု ဖန် တီးသည်ဟု မမှတ်ယူရ။ Promotion တွင် ဝင်ရောက်အသုံးပြုနိုင်သောအချက်အလက်များတစ်ခုခု သို့မဟုတ်အကြောင်းအရာတစ်ခုခုမှ ဆင့်ပွားရရှိလာသော လက်ရာများကို ရောင်းချခြင်း၊အသုံးပြု ခွင့်ပေးခြင်း၊ ငှားရမ်းခြင်း၊ ပြုပြင်ခြင်း၊ ဖြန့်ချိခြင်း၊ ကူးယူခြင်း၊ ဆင့်ပွားကူးယူခြင်း၊ ထုတ်လွှင့်ခြင်း၊  လူအများ မြင်သာစေရန် ပြသခြင်း၊ လူအများ မြင်သာစေရန် ဖျော်ဖြေခြင်း၊ ထုတ်ဝေခြင်း၊ သင့်လျော် သလို ပြင်ဆင်အသုံးပြုခြင်း၊ တည်းဖြတ်ခြင်း သို့မဟုတ် ဖန်တီးခြင်းများကို သင့်အနေဖြင့် မပြုလုပ် ရန် သဘောတူပါသည်။ စည်းကမ်းချက်များမှအတိအလင်း ခွင့်ပြုမထားသော မည်သည့်ရည်ရွယ် ချက်အတွက်မဆိုအကြောင်းအရာအားအသုံးပြုခြင်းကို တင်းကျပ်စွာတားမြစ်ထားပါသည်။

     

    ၃။     စာရင်းပေးသုံးစွဲခြင်း

    ၃.၁     Promotion ကာလသည် [၁၉ရက် ဒီဇင်ဘာ ၂၀၁၈] မှ [၁၉ရက် ဒီဇင်ဘာ ၂၀၁၉]အထိ (²Promotion ကာလ²) ဖြစ်ပါ သည်။

    ၃.၂     Promotion တွင် ပါဝင်ကံစမ်းနိုင်ရန် သင်အနေဖြင့်  Quest To Million ဝန်ဆောင်မှုကို Promotion ကာလအတွင်း စာရင်းပေးသုံးစွဲရမည်။

    [တရားဝင်မှတ်ချက် - စာရင်းပေးသုံးစွဲခြင်း၏စည်းကမ်းချက်အသေးစိတ်သည် ပါဝင်ပတ်သက်သည့် ထောက်ပံ့ပေးသူများ၏ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီဖြစ်ရမည်။]

    ၄။     ပါဝင်ကံစမ်းနိုင်သူများ

    ၄.၁     ဤ Promotion ကိုအနည်ဆုံးအသက်တစ်ဆယ့်ရှစ်နှစ်(၁၈)နှစ်နှင့်အထက်ရှိပြီး (MPT SIMအသုံးပြု နေသည့်) မှတ်ပုံတင်ထားသော MPT သုံးစွဲသူများအတွက်သာ ရည်ရွယ်ပါသည်။

    ၄.၂     MPTနှင့်တိုက်ရိုက်ပတ်သက်သည်ဖြစ်စေ၊မပတ်သက်သည်ဖြစ်စေMPTအတွက်လုပ်ကိုင်နေသော ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ်အဖွဲ့အစည်းများ သို့မဟုတ်MPT၏ ဝန်ထမ်းများ(မိသားစုနှင့်ဆွေမျိုးများအပါအဝင်) Promotion တွင် ပါဝင်ကံစမ်းခွင့်မရှိပါ။

    ၅။     ဈေးကွက်ရှာဖွေခြင်းနှင့်အရောင်းမြင့်တင်ခြင်း

    MPTအနေဖြင့် ကံစမ်းမဲအစီအစဉ်အတွက်လိုအပ်သော သို့မဟုတ် ၎င်းနှင့် ကျိုးကြောင်းဆီလျော်စွာ ဆက်စပ်သော ကိစ္စရပ်များအတွက်လည်းကောင်း၊ လူသိများစေရန်ရည်ရွယ်ချက်များအတွက် ပါဝင် ကံစမ်းသူများ၏ဗီဒီယိုများ နှင့်/သို့မဟုတ် ရုပ်ပုံများအသုံးပြုခြင်းအပါအဝင် ဖြစ်သော်လည်းယင်းတို့ ချည်းသာဟု ကန့်သတ်မထားသော MPT ၏ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ဈေး ကွက်ရှာဖွေရန်၊ ကြော်ငြာရန် နှင့်/သို့မဟုတ်အရောင်းမြှင့်တင်ရန်အလို့ငှာ ပါဝင်ကံစမ်းသူများ၏ ကိုယ်ရေးအချက်အလက်များ ကောက်ခံခြင်း၊အသုံးပြုခြင်း၊ ဖွင့်ဟထုတ်ဖော်ခြင်းနှင့် ၎င်းတို့အကြား ဝေမျှခြင်းတို့ပြုလုပ်ခြင်းနှင့် MPT၏တရားဝင်ခွင့်ပြုထားသောဝန်ဆောင်မှုပေးသူများနှင့်သက်ဆိုင်ရာ တတိယပုဂ္ဂိုလ်များထံ ထိုကဲ့သို့သောကိုယ်ရေးအချက်အလက်များ ဖွင့်ဟထုတ်ဖော်ခြင်းကို ပါဝင်ကံ စမ်းသူများက သဘောတူညီပြီး ခွင့်ပြုပါသည်။

    ၆။     တာဝန်ခံမှုမှ ကင်းလွတ်စေခြင်း

    သင်သည် MPT နှင့် ၎င်း၏ လက်အောက်ခံကုမ္ပဏီများ၊ ပူးတွဲလုပ်ငန်းဆောင်ရွက်သူ၊အေးဂျင့်များ၊ မန်နေဂျာများ နှင့်အခြားဆက်စပ်ကုမ္ပဏီများ၊ နှင့် ၎င်းတို့၏ ဝန်ထမ်းများ၊ ကန်ထရိုက်တာများ၊အေးဂျင့်များ၊အရာထမ်းများ၊ ဒါရိုက်တာများအား (၁) သင်ထုတ်လွှတ်လိုက်သော သို့မဟုတ် ရရှိ သောဒေတာ သို့မဟုတ်အကြောင်းအရာတစ်ခုခုအပါအဝင် သင်၏ Promotionအားအသုံးပြုခြင်း နှင့် ဝင်ရောက်ခြင်း (၂) ဤတွင်ပါဝင်သော ကိုယ်စားပြုတင်ပြခြင်းများနှင့်အာမခံချက်များတစ်ခုခုကို ချိုးဖောက်ခြင်းအပါအဝင် ယင်းတို့ချည်းသာမဟုတ်သော စည်းကမ်းချက်များ၏ စည်းကမ်းတစ်ခုခုအား ချိုးဖောက်ခြင်း (၃) ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုအခွင့်အရေး တစ်စုံတစ်ရာ၊ လူတစ်ဦးတစ် ယောက်၏ ကျော်ကြားမှုကိုယ်ပိုင်လက္ခဏာများအားအလွှဲသုံးစားပြုခြင်းကို ကာကွယ်သည့်အခွင့်အရေးများ (Publicity Rights) သို့မဟုတ်၊ ဉာဏပစ္စည်းဆိုင်ရာအခွင့်အရေး များအပါအဝင် ၎င်းတို့ ချည်းသာမဟုတ်သော တတိယပုဂ္ဂိုလ်အခွင့်အရေးတစ်ခုခုကို သင့်အနေဖြင့် ချိုးဖောက်ခြင်း၊ (၄) သင်၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သို့မဟုတ်အခြားနိုင်ငံတစ်နိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေ သို့မဟုတ် စည်းမျဉ်း တစ်ခုခုကိုချိုးဖောက်ခြင်း၊ (၅) Promotion မှတစ်ဆင့် သင်တင်ပြသော သို့မ ဟုတ် သင်ရရှိသောအချက်အလက်တစ်ခုခု၏ ရလဒ်တစ်ခုကြောင့် တောင်းဆိုမှု သို့မဟုတ် နစ်နာမှု တစ်စုံတစ်ရာဖြစ်ခြင်း သို့မဟုတ် (၆) သင်၏ဖုန်းနံပါတ်(စာရင်းသွင်းထားသည်ဖြစ်စေ၊ စာရင်းမသွင်း ထားသည်ဖြစ်စေ)၊ ဟန်းဆက်၊ သို့မဟုတ်အခြားသော ကိရိယာမှတဆင့်အခြားပုဂ္ဂိုလ်တစ်ဦး ဦး၏ Promotion သို့ဝင်ရောက်မှုနှင့်အသုံးပြုမှုတို့မှ ပေါ်ပေါက်လာသော တောင်းဆိုမှုများ၊ နစ်နာမှု များ၊ တာဝန်ဝတ္တရားများ၊ ဆုံးရှုံးမှုများ၊ တာဝန်ခံမှုများ၊ ကုန်ကျမှုများ သို့မဟုတ် ကြွေးမြီနှင့်အသုံးစရိတ် များ (ရှေ့နေ့ခများအပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟုကန့်သတ်မထားသော) တစ်ခုခု နှင့်အားလုံးထံမှနှင့် ၎င်းတို့ကို ဆန့်ကျင်၍ ကာကွယ်ပေးရန်၊ တာဝန်ခံမှုမှ ကင်းလွတ်စေရန်နှင့် ထိခိုက်နစ်နာမှုမှ ကင်း လွတ်စေရန်သဘောတူပါသည်။

    ၇။    အာမခံချက်များ၏ မသက်ဆိုင်ကြောင်း ရှင်းလင်းချက်များနှင့် တာဝန်ခံမှုကန့်သတ်ချက်

    ၇.၁     Promotion တွင်ပါဝင်သော သို့မဟုတ် Promotion မှတဆင့်အခြားနည်းဖြင့် သင်အသုံးပြုနိုင်ရန် ပြုလုပ်ထားသော သတင်းအချက်အလက်၊အကြောင်းအရာ၊အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲအပါအဝင်)နှင့်အခြားသောဝန်ဆောင်မှုများကို ဤနေရာ၌ “ရှိသည့်အတိုင်း” နှင့် “ရှိနိုင် မည့်အတိုင်း” ရနိုင်သောစနစ်ဖြင့်ပံ့ပိုးခြင်းဖြစ်သည်။ MPT သည် Promotion လည်ပတ်ခြင်း သို့မ ဟုတ် Promotion တွင်ပါဝင်သော သို့မဟုတ် Promotion မှတဆင့်အခြားနည်းဖြင့်သင်အသုံး ပြု နိုင်ရန်ပြုလုပ်ထားသော ၎င်း၏တိကျမှုအပါအဝင်သတင်းအချက်အလက်၊အကြောင်းအရာ၊အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲအပါအဝင်) သို့မဟုတ် အခြားသောဝန်ဆောင်မှုများကို မည် သည့်အမျိုးအစားမဆိုဖြစ်သောအတိအလင်းဖြစ်စေ၊ တိုက်ရိုက်မဟုတ်သည်ဖြစ်စေ ကိုယ်စားပြု တင်ပြခြင်းများ သို့မဟုတ်အာမခံချက်များမပြုလုပ်ပါ။ သင်၏ Promotionအသုံးပြုမှုသည် ဖြစ်ပေါ် လာနိုင်ချေရှိသောအန္တရာယ်ကို မိမိဘာသာတာဝန်ယူသည်ဟုအတိအလင်း သဘောတူပါသည်။

    ၇.၂     MPT သည် Promotionအသုံးပြုခြင်း သို့မဟုတ် Promotion တွင် ပါဝင်သော သို့မဟုတ် Promotion မှတဆင့်အခြားနည်းဖြင့် သင်အသုံးပြုနိုင်ရန်ပြုလုပ်ထားသော သတင်းအချက်အလက်၊အကြောင်းအရာ၊အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲအပါအဝင်) သို့မဟုတ်အခြားသော ဝန်ဆောင်မှုများမှ ပေါ်ပေါက်လာသော မည်သည့်အမျိုးအစားမဆိုဖြစ်သည့် တိုက်ရိုက်ဖြစ်သော၊ တိုက်ရိုက်မဟုတ်သော၊ ဆက်စပ်၍ဖြစ်သော၊ ပြစ်ဒဏ်အရဖြစ်သော နှင့်/သို့မဟုတ်အကျိုးဆက်အားဖြင့်ဖြစ်သော နစ်နာမှုများအပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟုကန့်သတ်မထားသော နစ်နာမှုတစ်စုံ တစ်ရာအတွက် တာဝန်ခံမည်မဟုတ်ပါ။

    ၇.၃     သင်အနေဖြင့် Promotion သို့ ဝင်ရောက်ကံစမ်းရာတွင်မည်သည့်အကြောင်းအရင်းကြောင့်ဖြစ်စေ၊ Promotion နှင့်ဆက်စပ်၍ တိုက်ရိုက်ဖြစ်စေ၊အကျိုးဆက်အရဖြစ်စေ ဖြစ်ပေါ်လာသော မည်သည့် သဘောသဘာဝ သို့မဟုတ်အမျိုးအစားမဆိုရှိသည့် ဆုံးရှုံးမှု၊ ထိခိုက်အနာတရဖြစ်မှု၊ ထိခိုက်မှု သို့မဟုတ် ပေးရန်တာဝန်ရှိမှုနှင့်အကျိုးဆက်များ တစ်ခုခုနှင့်အားလုံးမှ သော်လည်းကောင်း၊ MPT ကိုထိုသို့ဖြစ်နိုင်ခြေအားအသိပေးပြီးသည့်တိုင်  Promotion တွင် ပါဝင်ကံစမ်းစဉ်အတွင်း သို့မဟုတ် ကံထူးဆုအားအသုံးပြုခံစားခြင်းမှ ပေါ်ပေါက်လာသော သို့မဟုတ် ၎င်းနှင့်ဆက်စပ်သော မည်သည့် ပုဂ္ဂိုလ်များအပေါ်မဆို ထိခိုက်အနာတရဖြစ်မှုတစ်ရပ်ရပ် သို့မဟုတ် ပိုင်ဆိုင်မှုတစ်ရပ်ရပ်အပေါ် ဖြစ် ပေါ်လာသည့်ထိခိုက်မှုတစ်ရပ်ရပ်အပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟု မကန့်သတ်လျက် ၎င်းတို့မှသော်လည်းကောင်း ပေါ်ပေါက်လာသောနှင့် ၎င်းတို့ကိုအကြောင်းပြုသော တောင်းခံမှု များ၊ တောင်းဆိုမှုများ၊အခွင့်အရေးများ၊ တရားစွဲဆိုရန်အကြောင်းတို့မှ MPTအားကင်းလွတ်စေရန်နှင့် ရာသက်ပန် လွတ်ငြိမ်းစေရန် သဘောတူညီပါသည်။

    ၇.၄     သက်ဆိုင်ရာဥပဒေများမှ ခွင့်ပြုနိုင်သည့်အများဆုံးအတိုင်းအတာအလျောက် MPT သည် ရည်ရွယ် ချက်တစ်ခုအတွက် ကုန်သွယ်မှုနှင့် ရောင်းချနိုင်စွမ်း၏ တိုက်ရိုက်မဟုတ်သောအာမခံချက်များအပါအဝင်ဖြစ်သော်လည်းယင်းတို့ချည်းသာဟုကန့်သတ်မထားသောအတိအလင်းဖော်ပြထားသည့် သို့မဟုတ် တိုက်ရိုက် မဟုတ်သည့်အာမခံချက်များအားလုံးကို မသက်ဆိုင်ကြောင်း ငြင်းဆိုပါသည်။

    ၇.၅     Promotion တွင်ပါဝင်သော သို့မဟုတ် Promotion မှတဆင့်အခြားနည်းဖြင့် သင်အသုံးပြုနိုင်ရန် ပြုလုပ်ထားသော သတင်းအချက်အလက်၊အကြောင်းအရာ၊အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲအပါအဝင်) သို့မဟုတ်အခြားသောဝန်ဆောင်မှုများတွင် MPT ဆာဗာများ သို့မဟုတ် MPT မှ ပို့သောအီလက်ထရောက်နစ် ဆက်သွယ်မှုများသည် ဗိုင်းရပ်များ သို့မဟုတ်အခြားသောအန္တရာယ်ရှိသည့်အစိတ်အပိုင်းများမှ ကင်းလွတ်ပါသည်ဟု MPT ကအာမခံခြင်း မပြုပါ။

    ၈။     တတိယပုဂ္ဂိုလ်၏အကြောင်းအရာ

    Promotion တွင် MobiFun Co., Ltd  အပါအဝင် တတိယပုဂ္ဂိုလ်များမှ ရရှိသော သို့မဟုတ် ၎င်းတို့က ပံ့ပိုးပေး ထားသောအကြောင်းအရာ(²တတိယပုဂ္ဂိုလ်၏အကြောင်းအရာ²)တို့ ပါဝင်နိုင်ပါသည်။ သို့ဖြစ်ပါ၍အဆိုပါတတိယပုဂ္ဂိုလ်၏အကြောင်းအရာ သို့မဟုတ် တတိယပုဂ္ဂိုလ်၏အကြောင်းအရာနှင့်ဆက်စပ် သော ချိတ်ဆက်ထားသည့်ဝက်ဘ်ဆိုဒ်တစ်ခုခုအတွက် MPTတွင် တာဝန်ရှိမည်မဟုတ်ပါ။ တတိယ ပုဂ္ဂိုလ်များ၏ သတင်းအချက်အလက်၊ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများတစ်ခုခုအား ရည် ညွှန်းချက်သည် MPT က ထောက်ခံမှု၊ ကမကထပြုမှု သို့မဟုတ်အကြံပြုမှု မဟုတ်ပါ သို့မဟုတ် ထိုသို့သွယ်ဝိုက်ဆိုလိုခြင်းမဟုတ်ပါ။

    ၉။    အထွေထွေ

    ၉.၁    တတိယပုဂ္ဂိုလ်တစ်ဦးဦး၏ စည်းကမ်းသတ်မှတ်ချက်များသည် သက်ဆိုင်မှုရှိလျှင် ကံထူးဆုများအပေါ် သက်ရောက်မှုရှိပါမည်။

    ၉.၂    စည်းကမ်းချက်များသည် http://mpt.com.mm/mm/about-home/terms-conditions-mm/ တွင် ဖတ်ရှုနိုင်သည့် MPT ၏အထွေထွေစည်းကမ်းသတ်မှတ်ချက်များ (“GTC”)အရဖြစ်ရပါမည်။ ဤစည်းကမ်းချက်၏ စည်းကမ်းများနှင့် GTCအကြား ပဋိပက္ခတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက ဤစည်း ကမ်းချက်များ၏ စည်းကမ်းများက လွှမ်းမိုးရမည်။

    ၉.၃    စည်းကမ်းချက်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများ နှင့် တရားရုံး သို့မ ဟုတ် စီရင်ပိုင်ခွင့်ရှိသောအဖွဲ့တစ်ခုမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊အမိန့် ကြော်ငြာစာ၊ ညွှန်ကြား ချက် သို့မဟုတ် လမ်းညွှန်ချက် တစ်ခုခုအရဖြစ်ရပါမည်။

    ၉.၄   အကယ်၍ စည်းကမ်းချက်များ သို့မဟုတ် ၎င်းအကျုံးဝင်မှု၏ စည်းကမ်းများ ပဋိညာဉ်ပြုချက်၊ ပြဋ္ဌာန်း ချက်တစ်ခုခုအား တရားရုံးတစ်ခုခု သို့မဟုတ် စီရင်ပိုင်ခွင့်ရှိသောအဖွဲ့တစ်ခုခု သို့မဟုတ် ထိုအကြောင်းအရာ နှင့်စပ်လျဉ်း၍ ဥပဒေတစ်ရပ်ရပ်မှ ဥပဒေနှင့် မကိုက်ညီခြင်း၊ တရားမဝင်ဖြစ်ခြင်း သို့မဟုတ်အာဏာမသက်ရောက်နိုင်ခြင်းအဖြစ်သတ်မှတ်ခဲ့ပါက စည်းကမ်းချက်များ၏ ကျန်ရှိသောအပိုင်း သို့မဟုတ်အဆိုပါ စည်းကမ်းများ၊ ပဋိညာဉ်ပြုချက် သို့မဟုတ် ပြဋ္ဌာန်းချက်၏ (တရားမဝင် ဖြစ်ကြောင်း သို့မဟုတ်အာဏာသက်ရောက်မှုမရှိကြောင်း သတ်မှတ်ထားသည့် ပုဂ္ဂိုလ်များမှအပ) ပုဂ္ဂိုလ်တစ်ဦးဦးနှင့် သက်ဆိုင်မှုအပေါ် သက်ရောက်မှုမရှိစေရဘဲ စည်းကမ်းချက်များ၏ ပြဋ္ဌာန်းချက် တစ်ရပ်စီသည် ဥပဒေအရခွင့်ပြုထားသောအများဆုံးအတိုင်းအတာအထိ တရားဝင်ဖြစ်ပြီးအာဏာ သက်ရောက်မှု ဆက်လက်ရှိရမည်။

    MobiFun Co., Ltd  အနေဖြင့် Promotion ပြုလုပ်ဆောင်ရွက်ရန်အတွက် ဤတွင် ၎င်းတို့၏ စည်းကမ်းသတ်မှတ်ချက်များကို ထည့်သွင်းရမည်။အကြုံပြုလိုသောခေါင်းစည်းများအားအောက်ပါအတိုင်းဖော်ပြထားပါသည်။]

    MobiFunအသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များ

    ၁။       ပါဝင်ကံစမ်းရမည့်နည်းလမ်း

    • အသုံးပြုသူများအတွက် ပြည့်ဝသော ဝန်ဆောင်မှုများကို ထောက်ပံ့ထားပါသည်။အသုံးပြုမှုကို သုံးစွဲ သူမှ မပယ်ဖြတ်မချင်း ဝန်ဆောင်မှုသက်တမ်းကိုအလိုအလျှောက် တိုးမြင့်သွားမည်ဖြစ်သည်။ ဝန်ဆောင်မှုသည် MPT Operatorအသုံးပြုသူများအတွက် သာဖြစ်ပါသည်။ ပထမ ၇ရက်ကိုအခမဲ့ သုံးစွဲ နိုင်သည်။ ၇ရက်ကုန်ဆုံးပြီးနောက် Quest ၁ခုကို ဝန်ဆောင်မှုအသုံးပြုခအနေဖြင့် ၉၉ကျပ် ကျသင့်ပါပြီ။ ဝန်ဆောင်မှုဈေးနှုန်းကို operator ၏ပေးပို့စာ သို့မဟုတ်အခြားဖုန်းငွေပေးချေမှုစနစ်မှ တစ်ဆင့် သင့်ဖုန်း operator network မှ လက်ခံရရှိပါမည်။
    • Quest to Million Service Provider မှ ပေးအပ်သော ဆုများကိုငွေသားဖြင့်လဲလှယ်၍ မရပါ။ ဝန်ဆောင်မှုများသည် operation ရည်ရွှယ်ချက်ပေါ်မူတည်၍အချိန်မရွေး ဆုမဲများတိုးပွားပေးနိုင်ရန်ရှိပါသည်။
    • ဝန်ဆောင်မှုရယူရန်အတွက် 8576 သို့ ON (သို့မဟုတ်) QMT (သို့မဟုတ်) QMR ဟုပေးပို့နိုင်ပါသည်။ သို့မဟုတ် - http://questtomio.com လင့်ဒ်ထဲသို့ဝင်ရောက်၍     အောက်ပါညွှန်ကြားချက်များအတိုင်း ဝန်ဆောင်မှုကိုရယူနိုင်ပါသည်။
    •  လူကြီးမင်း ၏ကိုယ်ရေးကိုယ်တာအချက်အလက်များသည် ကျွန်ပ်တို့ ၏စကားရပ်နှင့် လိုက်နာရန်စည်းကမ်းချက်များ၏ ထိန်းချုပ်မှုအောက်တွင်သာရှိရမည်ဖြစ်ပါသည်။

    ၂။       ချီးမြှင့်မည့်ကံထူးဆု (များ)

    -Mobifun မှ ကံထူးရှင်များကို  IphoneXs Max , OPPO F7,အားသွင်းဘထ္ကရီ,  ငွေဖြည့်ကဒ်များနှင့်အစရှိသည်တို့ကို ချီးမြှင့်မည်ဖြစ်ပါသည်။

    -ကစားသူများသည် Quest To Million ဝန်ဆောင်မှုကို ပရိုမိုးရှင်းကာလအတွင်း ဝန်ဆောင်မှုရယူနိုင်ရမည်။

    -လစဉ် ဆုကြေးများမှာအောက်ပါအတိုင်းဖြစ်သည်:

    Item

    Detail Prize

    Top 1

    OPPO F7 Youth

    Top 2

     အားသွင်းဘထ္ကရီ

    Top 3

     အားသွင်းဘထ္ကရီ

    Top 4

    ငွေဖြည့်ကတ်ဒ် (၁၀,၀၀၀)ကျပ်

    Top 5

    ငွေဖြည့်ကတ်ဒ် (၁၀,၀၀၀)ကျပ်

    Top 6

    ငွေဖြည့်ကတ်ဒ် (၁၀,၀၀၀)ကျပ်

    Top 7

    ငွေဖြည့်ကတ်ဒ် (၅,၀၀၀)ကျပ်

    Top 8

    ငွေဖြည့်ကတ်ဒ် (၅,၀၀၀)ကျပ်

    Top 9

    ငွေဖြည့်ကတ်ဒ် (၃,၀၀၀)ကျပ်

    Top 10

    ငွေဖြည့်ကတ်ဒ် (၃,၀၀၀)ကျပ်

    • ကစားသူ၏ ရမှတ်အဆင့်သည် လစဉ် Top 10 စာရင်းတွင် ၆လအတွင်း ၅ကြိမ်ပါဝင်ပါက iPhone XS Max ကို ကံထူးနိုင်ရန်အခွင့်အရေးရရှိပါမည်။

    ၃။       ကံထူးရှင်ရွေးချယ်ခြင်း

    Winner ကို ၎င်းတို့၏ ရောက်ရှိအဆင့်များဖြင့် ရွေးချယ်ပါမည်။ရောက်ရှိသောအဆင့်၏ စည်းမျဉ်းစည်းကမ်းများမှာအောက်ပါအတိုင်းဖြစ်သည်-

    ၃.၁ ပထမစနစ်သည် ရမှတ်အမြင့်ဆုံးမှအနိမ့်ဆုံးသို့ သွားတော့အမျိုးအစားဖြစ်ပြီးအမှတ်များသူသည်အဆင့်အမြင့်ဆုံးကိုရောက်ရှိ မည်ဖြစ်သည်။

    ၃.၂      ကစားသူများသည်အမှတ်ရရှိမှုတူညီနေပါကအချိန်သတ်မှတ်သည့်အမျိုးအစားဖြင့်အစောဆုံးဖြေဆိုနိုင်သူသည်အဆင့်မြင့်ဆုံးကိုရောက်ရှိမည်ဖြစ်သည်။

     

    ၄။       ကံထူးရှင်အားအကြောင်းကြားခြင်း

    ၄.၁  Mobifun မှအမှတ်အများဆုံး ကံထူးရှင် Winner (၁၀)ဦး စာရင်းကိုကြေငြာပြီး ဆုများကို ပေးသွားပါမည်။

    ၄.၂   Mobifun မှအမှတ်အများဆုံး ကံထူးရှင် Winner (၁၀၀)ဦးကို ဆက်သွယ်၍ TV Show ကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းရှိ၊ မရှိကိုအတည်ပြုအကြောင်းကြားပေးသွားပါမည်။

    ၅။       ကံထူးဆု(များ)အသုံံးပြုခံစားခြင်း

    ၅.၁     ကံထူးဆုများအားလုံးအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မ ဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်၍မရပါ။

    ၅.၂    အတည်ပြုပြီးဖြစ်သောကံထူးရှင်များအားလုံးတွင်လိုအပ်သောစာရွက်စာတမ်းအား လုံးအပါအဝင်ဖြစ်သော်လည်း ၎င်းတို့သာဟုကန့်သတ်မထားသည့်အမျိုးသားမှတ် ပုံတင်ဒ်ပြားရှိရမည်။

    ၆။       ကံထူးရှင်အား စည်းကမ်းသတ်မှတ်ချက်များနှင့်မကိုက်ညီကြောင်း ဆုံးဖြတ်ခြင်း

    ၆.၁     MobiFun Co. Ltd သည်  ပါဝင်ကံစမ်းသူတစ်ဦးအား ကြိုတင်၍အကြောင်းမကြားဘဲ သို့မဟုတ်အကြောင်းပြချက်တစ်ခုခုပေးရန်မလိုအပ်ဘဲ ပုံမှန် မဟုတ်သော သို့မဟုတ် သံသယဖြစ်ဖွယ် ဆောင်ရွက်မှုတစ်ခုခု ဆောင်ရွက်နေ ကြောင်း သို့မဟုတ် ၎င်းနှင့် ဆက်စပ်မှုရှိကြောင်း သံသယရှိပါက ထိုပါဝင်ကံစမ်းသူအား စည်းကမ်းသတ်မှတ်ချက်များနှင့် မကိုက်ညီကြောင်း ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။

     

     
    MPT Terms and Conditions – [Quest To Million]
     
    This page explains the terms by which you agree to abide by when participating in the Quest To Million (“Promotion”). The Promotion can be accessed through services provided by Myanmar Posts and Telecommunications (“MPT”, “we”, “us”, “our”). The Promotion is operated by and provided to you by MobiFun Co., Ltd. By participating in the Promotion, you signify that you have read, understood, and agree to be bound by these Terms and Conditions and any other applicable rules, policies and terms associated therewith (collectively, the “Terms”). 
    The Terms are subject to change at any time. Your continued participation in the Promotion after any such change constitutes your acceptance of the revised Terms. 
    1. The Promotion
     
    1.1 As mentioned above, the Promotion is fully operated by MobiFun Co., Ltd. The scope of MPT’s involvement with the Promotion is limited to billing and subscription functions only, which will be further explained below. 
     
    1.2 All rights not expressly granted to you in the Terms are reserved and retained by us or our licensors, suppliers, publishers, rights holders, or other content providers. You may participate in the Promotion only as permitted by the Terms and by law; all other uses are strictly prohibited.
     
    1.3 MPT may permanently or temporarily terminate, suspend, or otherwise refuse to permit your access or participation in the Promotion as determined in MPT’s sole discretion, without notice and liability for any or no reason. In such event, you shall continue to be bound by the Terms to the extent necessary to fulfill surviving terms contained herein.
     
    1.4 Your participation in the Promotion is subject to scheduled and unscheduled service interruptions. You agree that MPT will not be liable to you or any third parties for any interruption of the Promotion, downtime (planned or unplanned) or access failure. 
     
    1.5 MPT shall have no liability for your use or misuse of the Promotion, any interactions you have with other users, or any other act or omission by you with regard to the Promotion. 
    2. Our Proprietary Rights
    Except as otherwise rightfully operated by MobiFun Co.,Ltd or any other third party, as applicable, any MPT proprietary material related to the Promotion, including, without limitation, software, images, text, graphics, illustrations, logos, patents, trademarks, service marks, copyrights, photographs, audio, videos, music, and content (collectively, “Content”), and all intellectual property rights related thereto, are the exclusive property of MPT and its licensors, suppliers, publishers, rights holders, or other content providers. Except as explicitly provided herein, nothing in the Terms shall be deemed to create a license or right in or under any such intellectual property rights, and you agree not to sell, license, rent, modify, distribute, copy, reproduce, reverse engineer, transmit, publicly display, publicly perform, publish, adapt, edit or create derivative works from any materials or Content accessible on the Promotion. Use of the Content for any purpose not expressly permitted by the Terms is strictly prohibited.
    3. Subscription 
     
    3.1 The Promotion period is from [19 Dec 2018] to [19 Dec 2019] (“Promotion Period”).
     
    3.2 In order to participate in the Promotion, you must subscribe to the Quest to Million Service during the Promotion Period. 
     
    [Legal Note: Details of the terms of subscription should be under the Content Provider’s Terms and Conditions.]
    4. Eligibility
    4.1 The Promotion is intended solely for select MPT registered users (using a MPT SIM) who are at least eighteen (18) years of age.
     
    4.2 Any individual or organization working directly or indirectly with MPT or its affiliates, including their family and relatives, are not eligible to join the Promotion.
    5. Marketing and Promotion
    The participants agree and consent to MPT collecting, using, disclosing and sharing amongst themselves the Participants’ personal data, and disclosing such personal data to MPT’s authorized service providers and relevant third parties for purposes which are necessary or reasonably incidental to the Promotion, and to market, advertise and/or promote the goods or services of MPT, including without limitation using videos and/or images of the Participants for publicity purposes.
    6. Indemnity
    You agree to defend, indemnify and hold harmless MPT and its subsidiaries, joint operation partner, agents, managers, and other affiliated companies, and their employees, contractors, agents, officers and directors, from and against any and all claims, damages, obligations, losses, liabilities, costs or debt, and expenses (including but not limited to attorneys’ fees) arising from: (i) your use of and access to the Promotion, including any data or content transmitted or received by you; (ii) your violation of any term of the Terms, including without limitation your breach of any of the representations and warranties herein; (iii) your violation of any third-party right, including without limitation any right of privacy, publicity rights or intellectual property rights; (iv) your violation of any law, rule or regulation of the Union of Myanmar or any other country; (v) any claim or damages that arise as a result of any information submitted or received by you through the Promotion; or (vi) any other party’s access and use of the Promotion through your phone number (registered or unregistered), handset, or other device. 
    7. Disclaimers of Warranties and Limitation of Liability
    7.1 THE PROMOTION AND ALL INFORMATION, CONTENT, MATERIALS, PRODUCTS (INCLUDING SOFTWARE) AND OTHER SERVICES INCLUDED IN OR OTHERWISE MADE AVAILABLE TO YOU THEREIN ARE PROVIDED ON AN "AS IS" AND "AS AVAILABLE" BASIS. MPT MAKES NO REPRESENTATIONS OR WARRANTIES OF ANY KIND, EXPRESS OR IMPLIED, AS TO THE OPERATION OF THE PROMOTION, OR THE INFORMATION, INCLUDING ITS ACCURACY, CONTENT, MATERIALS, PRODUCTS (INCLUDING SOFTWARE) OR OTHER SERVICES INCLUDED IN OR OTHERWISE MADE AVAILABLE TO YOU THROUGH THE PROMOTION. YOU EXPRESSLY AGREE THAT YOUR USE OF THE PROMOTION IS AT YOUR SOLE RISK.
     
    7.2 MPT WILL NOT BE LIABLE FOR ANY DAMAGES OF ANY KIND ARISING FROM THE USE OF THE PROMOTION, OR FROM ANY INFORMATION, CONTENT, MATERIALS, PRODUCTS (INCLUDING SOFTWARE) OR OTHER SERVICES INCLUDED IN OR OTHERWISE MADE AVAILABLE TO YOU THROUGH THE PROMOTION, INCLUDING, BUT NOT LIMITED TO DIRECT, INDIRECT, INCIDENTAL, PUNITIVE, AND/OR CONSEQUENTIAL DAMAGES. 
     
    7.3 IN ENTERING THE PROMOTION, YOU AGREE TO HEREBY RELEASE AND FOREVER DISCHARGE MPT, AND TO INDEMNIFY MPT FROM ANY AND ALL CLAIMS, DEMANDS, RIGHTS, CAUSE OF ACTION OR ANY NATURE OR KIND, ARISING FROM AND BY REASON OF ANY AND ALL LOSS, INJURY, DAMAGE OR LIABILITY AND THE CONSEQUENCES THEREOF WHETHER DIRECT OR CONSEQUENTIAL IN CONNECTION WITH THE PROMOTION, REGARDLESS OF THE CAUSE THEREOF, AND EVEN IF MPT HAS BEEN ADVISED OF THE POSSIBILITY THEREOF, INCLUDING WITHOUT LIMITATION, ANY INJURY TO ANY PERSONS OR ANY DAMAGE CAUSED TO ANY PROPERTY WHILE PARTICIPATING IN THE CONTEST OR ARISING OUT OF, OR IN CONNECTION WITH, THE USE OF THE PRIZE.
     
    7.4 TO THE FULLEST EXTENT PERMISSIBLE BY APPLICABLE LAW, MPT DISCLAIMS ALL WARRANTIES, EXPRESS OR IMPLIED, INCLUDING, BUT NOT LIMITED TO, IMPLIED WARRANTIES OF MERCHANTABILITY AND FITNESS FOR A PARTICULAR PURPOSE.
     
    7.5 MPT DOES NOT WARRANT THAT THE PROMOTION, INFORMATION, CONTENT, MATERIALS, PRODUCTS (INCLUDING SOFTWARE) OR OTHER SERVICES INCLUDED IN OR OTHERWISE MADE AVAILABLE TO YOU THEREIN, MPT SERVERS OR ELECTRONIC COMMUNICATIONS SENT FROM MPT ARE FREE OF VIRUSES OR OTHER HARMFUL COMPONENTS. 
    8. Third Party Content
    The Promotion may aggregate content obtained or provided by third parties, including MobiFun Co., Ltd (“Third Party Content”). As such, MPT is not responsible for such Third Party Content or any linked websites associated with Third Party Content. Reference to any information, products or services of third parties does not constitute or imply endorsement, sponsorship or recommendation by MPT. 
    9. General 
    9.1 The terms and conditions of any third party will apply to the prizes where applicable.
     
    9.2 The Terms are subject to MPT’s General Terms and Conditions (“GTC”) which can be found at: http://mpt.com.mm/mm/about-home/terms-conditions-mm/. In the event of a conflict between the terms of these Terms and the GTC, the Terms shall prevail. 
     
    9.3 The Terms are subject to the laws of the Republic of the Union of Myanmar and any regulation, notification, directive or instruction issued by a court or body of competent jurisdiction. 
     
    9.4 If any term, covenant or provision of the Terms is held to be illegal, invalid or unenforceable by any court or body of competent jurisdiction or by virtue of any legislation to which it is subject, then the remainder of the Terms or the application of such term, covenant or provision to any person (other than those as to whom it is held invalid or unenforceable) shall not be affected thereby, and each provision of the Terms shall remain valid and enforceable to the fullest extent permitted by law. 
    [MobiFun Co., Ltd to include their terms and conditions here for conducting the Promotion. Suggested headings are indicated below.]
    MobiFun Terms of Use
    1. How to enter
    Full access to the service will only be provided by subscription and subscription will be renewed automatically unless subscribers cancel. Service is only available for MPT users. First 7 days is free of charge, after that will charge only 99Ks per day. Service price will be deducted via operator invoices or other selected mobile payment methods you receive from your mobile operator network. 
    For all the Prize provide by Quest to Million Service Provider cannot be changed with Cash. Service Provider can increase the Prize at any time for the operation purpose.
    In order to subscribe you can send ON, QMT, QMR to 8576 short code (or) you can visit to the link - http://questtomio.com and follow the instructions to subscription.
    The use of your personal information is governed by our Privacy Policy. 
     
    2. Prize(s).
    - Mobifun will provide iPhone XS Max, OPPO F7, Power Bank, Top-up, etc. 
    - Players must subscribe to the Quest to Million Service during the Promotion Period.
    - For monthly the detail prizes as follow:

    Item

    Detail Prize

    Top 1

    OPPO F7 Youth

    Top 2

    Power Bank

    Top 3

    Power Bank

    Top 4

    Mobile Top Up (10,000MMK)

    Top 5

    Mobile Top Up (10,000MMK)

    Top 6

    Mobile Top Up (10,000MMK)

    Top 7

    Mobile Top Up (5,000MMK)

    Top 8

    Mobile Top Up (5,000MMK)

    Top 9

    Mobile Top Up (3,000MMK)

    Top 10

    Mobile Top Up (3,000MMK)

    - On 6 months if the player’s ranking should be in the monthly TOP10 list 5 times (within 6 months), will have the chance to join the lucky draw for iPhone XS Max.
     
    3. Selection of Winner
    Select the winner base on their ranking, the detail ranking rules are as follow:
    3.1 First system will sort by highest to lowest score, the higher scores get higher ranking;
    3.2 If the players have the same score, who will sort by the time the score was reached, the earlier the higher.
     
    4. Notification of Winner
    4.1 Mobifun will announce TOP 10 winners list and will give the prizes to winners.
    4.2 Mobifun will contact to Top 100 winners and will confirm that they will join the TV show or not.
     
    5. Use of the Prize(s)
    5.1 All prizes are non-exchangeable, non-transferrable, non-assignable or not convertible to cash.
    5.2 All confirmed winners must have national identification card, including but not limited to, all the necessary documentation.
     
    6. Disqualification of winner
     
    6.1 MobiFun has the discretion to disqualify a participant whom it suspects to be undertaking or in connection with any unusual or suspicious activities, without prior notice or without needing to give any reasons for doing so.
     
     

Some text some message..